ဒီ Sunscreen Gel ရဲ့ အဓိကထူးခြားချက်ကတော့ AutoBooster Technology ပါဝင်ခြင်းပဲဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ရေ၊ ချွေးနှင့် အပူတို့နှင့် ထိတွေ့လေလေ Sunscreen က ပိုမိုအားကောင်းလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးခြင်း၊ အားကစားလုပ်ခြင်းစတဲ့ အခြေအနေမျိုးတွေမှာပါ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
အဓိက အကျိုးကျေးဇူးများနှင့် ပါဝင်ပစ္စည်းများ
- SPF 50+ & PA++++:
- နေရောင်ခြည်မှလာသော UVA နှင့် UVB ရောင်ခြည်များကို အမြင့်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေလောင်ခြင်း၊ အမဲစက်များ ဖြစ်ပေါ်ခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
- AutoBooster Technology:
- နေရောင်ကာကွယ်ပေးနိုင်စွမ်းကို မြှင့်တင်ပေးတဲ့ နည်းပညာဖြစ်ပြီး ရေ၊ ချွေးနှင့် အပူတို့နှင့် ထိတွေ့လေလေ ပိုမိုအားကောင်းလာလေလေဖြစ်ပါတယ်။
- 50% Skincare Ingredients:
- Hyaluronic Acid နှင့် Skincare အဆီအနှစ်များ ၅၀% အထိ ပါဝင်လို့ အသားအရေကို နက်ရှိုင်းစွာ အစိုဓာတ်ဖြည့်တင်းပေးပါတယ်။
- ပေါ့ပါးသော Texture:
- Gel ပုံစံဖြစ်လို့ လိမ်းရတာ ပေါ့ပါးပြီး စေးကပ်ခြင်းမရှိဘဲ အသားထဲကို လျင်မြန်စွာ စိမ့်ဝင်ပါတယ်။
- မိတ်ကပ်အောက်ခံအဖြစ် အသုံးပြုနိုင်ခြင်း:
- အသားထဲကို လျင်မြန်စွာစိမ့်ဝင်လို့ မိတ်ကပ်လိမ်းရန်အတွက် အဆင်ပြေစေပါတယ်။
အကျိုးကျေးဇူးများ:
- တစ်နေကုန် ထိရောက်သော ကာကွယ်မှု: နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နှင့် လေထုညစ်ညမ်းမှုများမှ အသားအရေကို အချိန်ကြာမြင့်စွာ ကာကွယ်ပေးနိုင်ပါတယ်။
- အသားအရေကို အစိုဓာတ်ထိန်းပေးခြင်း: ခြောက်သွေ့ခြင်းမရှိဘဲ အသားအရေကို ရေဓာတ်ပြည့်ဝနေစေပါတယ်။
- မျက်နှာနှင့် ခန္ဓာကိုယ်အတွက် သုံးနိုင်ခြင်း: တစ်ဗူးတည်းဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်အတွက်ပါ အသုံးပြုနိုင်ပါတယ်။
- Water & Sweat Proof: ရေနှင့် ချွေးဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိပါတယ်။
အသုံးပြုပုံ
ANESSA Perfect UV Sunscreen Skincare Gel ကို အောက်ပါအဆင့်များအတိုင်း နေ့စဉ်အသုံးပြုနိုင်ပါတယ်-
- မနက်ခင်း Skin Care နောက်ဆုံးအဆင့်တွင် Gel ကို လက်ဖဝါးဖြင့် လိုအပ်သလောက်ယူပါ။
- မျက်နှာ၊ လည်ပင်းနှင့် နေရောင်ခြည်ထိတွေ့နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညီညာစွာ လိမ်းပေးပါ။
- အပြင်မထွက်ခင် မိနစ် ၂၀ ခန့်အလိုတွင် လိမ်းပေးပါ။ အပြင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက ၂ နာရီတစ်ခါ ထပ်မံလိမ်းပေးဖို့ အကြံပြုလိုပါတယ်။