လှည်း (0)
လှည်းထဲတွင် ကုန်ပစ္စည်းမရှိပါ။
Klairs Illuminating Supple Blemish Cream (40ml) ကတော့ ပုံမှန် BB Cream တွေလို မျက်နှာကြီး ပြာသွားတာ၊ အဆီပြန်ပြီး ကွက်သွားတာမျိုး မဖြစ်စေဘဲ သဘာဝအတိုင်း အသားအရေကို ကြည်လင်တောက်ပ (Glow) စေတဲ့ နေ့စဉ်သုံး BB Cream ကောင်းတစ်ခု ဖြစ်ပါတယ်။
ကိုရီးယားမိတ်ကပ်စတိုင် No-Makeup Makeup Look (မိတ်ကပ်လိမ်းထားမှန်းမသိသာဘဲ သဘာဝအတိုင်း လှနေတဲ့ပုံစံ) ကြိုက်သူတွေကြားမှာ နှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ Product တစ်ခုပါပဲ။
Viber/ Telegram
ဒီ Klairs BB Cream က "One Shade Fits All" (အရောင်တစ်မျိုးတည်းပဲ ထွက်တာ) ဖြစ်ပါတယ်။ သူက လိမ်းခါစမှာ ဖြူသလို ရှိပေမယ့် မိနစ်အနည်းငယ်ကြာရင် အသားထဲ စိမ့်ဝင်ပြီး Adjust ဖြစ်သွားတတ်ပါတယ်။
- Fair to Light-Medium Skin Tone: အသားဖြူသူနဲ့ အလတ်စား အသားအရောင် ရှိသူတွေ ဆိုးရင် အရမ်းလှပြီး ကြည်ကြည်လင်လင် ရှိစေပါတယ်။
- Warm / Tan Skin Tone (အသားညိုသူများ): အသားခပ်ညိုညို သမားတွေအတွက်ကတော့ တစ်ခါတလေ နည်းနည်းလင်းလွန်းပြီး ပြာသလို ဖြစ်တတ်ပါတယ်။ အကယ်၍ ကိုယ်က Warm Tone အသားညိုညို ဖြစ်နေရင် မျက်နှာအလယ်ပိုင်း (T-zone) ကို လင်းစေဖို့ Highlight သဘောမျိုး သုံးပေးတာ သို့မဟုတ် ကိုယ့်ရဲ့ Warm-toned Foundation နည်းနည်းနဲ့ စပ်သုံးတာက ပိုပြီး အဆင်ပြေပါတယ်။
Your email address will not be published. Required fields are marked *
Please login to write review!