✨ PROMOTION ၇၀,၀၀၀ Ks ပြည့်ပါက: ၃,၀၀၀ Ks OFF (သို့) Free Deli • YGN / MDY: Free Delivery & ၅,၀၀၀ Ks OFF • VIP အသင်းဝင်: ၃ သိန်းပြည့်ပါက 8% OFF!
0 သင်၏လှည်း Ks0

လှည်း (0)

လှည်းထဲတွင် ကုန်ပစ္စည်းမရှိပါ။

Medicube PDRN Pink Collagen Exosome Shot 7500 - 30ml

Ks79,500   Ks79,500
App:75,525 ★ VIP:73,140
APP PRICE Ks75,525

Download SkincareMM App for Android and ios

Medicube PDRN Exosome Shot Serum (30ml) သည် ကိုရီးယားနိုင်ငံမှ နာမည်ကျော် Skin Care Brand တစ်ခုဖြစ်တဲ့ Medicube မှ ထုတ်လုပ်ထားတဲ့ အသားအရေကို နုပျိုတင်းရင်းစေပြီး ချွေးပေါက်များကို ပြန်လည်ကျဉ်းစေတဲ့ အစွမ်းထက် Serum တစ်မျိုးဖြစ်ပါတယ်။ ဒီ Serum ရဲ့ ထူးခြားချက်ကတော့ Spicules လို့ခေါ်တဲ့ အပ်သေးလေးတွေပါဝင်ပြီး ဒါတွေကနေတစ်ဆင့် Serum ထဲက အာနိသင်တွေကို အသားအရေရဲ့ အလွှာအောက်ပိုင်းတွေအထိ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်။

ဒီ Serum ကို အဓိကအားဖြင့် PDRN (Salmon DNA မှ ထုတ်ယူထားသော DNA) နှင့် Exosome (ဆဲလ်များမှ ထုတ်ယူထားသော vesicles) တို့နဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီပါဝင်ပစ္စည်းတွေဟာ ပျက်စီးနေတဲ့ အသားအရေဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေရဲ့ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာအောင် အားပေးပါတယ်။

 

📱 APP PRICE: Ks75,525 - Android (သို့) iOS မှဝယ်ရန်
👑 VIP PRICE: Ks73,140 - Gold နှင့် Diamond သီးသန့်
Loyalty Point
+795 Point
ပစ္စည်းပြတ်တောက်နေသည်
SKU: SM-2443-LRDC
အမျိုးအစားများ: စီရမ်
Fast Shipping
Fast Shipping
MDY မြို့တွင်း 24 နာရီအတွင်း
VIP Member
VIP Member
3သိန်းပြည့်ယုံနဲတသက်စာVIP
100% Authentic
100% Authentic
အတုအပများ လုံးဝမရောင်းပါ
Hotline အော်ဒါ:

Viber/ Telegram

0966 8545244

အဓိကပါဝင်ပစ္စည်းများ:

  • PDRN (Polydeoxyribonucleotide): Salmon DNA မှ ရရှိတဲ့ PDRN ဟာ အသားအရေဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် အရေးအကြောင်းများ၊ အမာရွတ်များနှင့် အသားအရေမညီညာမှုများကို ပြုပြင်ပေးပါတယ်။
  • Exosome (7500 PPM): Exosome ဟာ ဆဲလ်တစ်ရှူးများကို ပြန်လည်နုပျိုစေတဲ့အတွက် ချွေးပေါက်များကို သိသိသာသာ ကျဉ်းစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
  • Collagen: အသားအရေရဲ့ Elasticity ကို တိုးမြှင့်ပေးပြီး အသားအရေကို ပြည့်တင်းနေစေပါတယ်။
  • Niacinamide: ချွေးပေါက်များကို ကျဉ်းစေပြီး အသားအရေကို ညီညာတောက်ပစေပါတယ်။

     

အကျိုးကျေးဇူးများ:

  • အသားအရေ နုပျိုစေခြင်းနှင့် တင်းရင်းစေခြင်း: Collagen နှင့် Peptide များကြောင့် အသားအရေကို တင်းရင်းပြီး နုပျိုတဲ့ အသွင်ကို ရရှိစေပါတယ်။
  • ချွေးပေါက်ကျဉ်းစေခြင်း: Exosome ရဲ့ အာနိသင်ကြောင့် ချွေးပေါက်ကျယ်တဲ့ ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်။
  • ပျက်စီးနေသောအသားအရေကို ပြုပြင်ပေးခြင်း: ဝက်ခြံအမာရွတ်၊ နေလောင်ဒဏ်နှင့် အသားအရေမညီညာမှုများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
  • ထိရောက်သော စိမ့်ဝင်မှု: Spicules အပ်သေးလေးများ ပါဝင်တဲ့အတွက် Serum ကို အသားအရေအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်စေပါတယ်။ သုံးစွဲသူအချို့ကတော့ လိမ်းလိုက်တဲ့အခါ စပ်ဖျဉ်းဖျဉ်းလေး ခံစားရနိုင်ပါတယ်။
  • Glass Skin Effect: ပုံမှန်အသုံးပြုပေးခြင်းဖြင့် အသားအရေကို ဖန်သားလို ကြည်လင်တောက်ပတဲ့ အသွင်ကို ရရှိစေနိုင်ပါတယ်။

 

အသုံးပြုပုံ

 

Medicube PDRN Exosome Shot Serum ကို အောက်ပါအဆင့်များအတိုင်း နေ့စဉ် (သို့မဟုတ် တစ်ပတ်လျှင် ၂-၃ ကြိမ်) အသုံးပြုနိုင်ပါတယ်။

  1. မျက်နှာကို သန့်စင်ပြီးနောက် Toner အသုံးပြုပါ။ မျက်နှာကို ခြောက်သွေ့အောင်ထားပါ။
  2. Serum ကို Dropper ဖြင့် လိုအပ်သလောက် ယူပြီး မျက်နှာပေါ်သို့ ချပေးပါ။
  3. လက်ချောင်းလေးတွေဖြင့် ညင်သာစွာ ပုတ်လိမ်းပေးပြီး အသားထဲကို စိမ့်ဝင်စေရန် နှိပ်နယ်ပေးပါ။ အသားအရေကို စိုစွတ်နေချိန်တွင် မပွတ်ပါနှင့်၊ ခြောက်သွေ့နေစဉ် လိမ်းခြင်းက ပိုမိုထိရောက်ပါတယ်။
  4. Serum လိမ်းပြီးနောက် Moisturizer ထပ်လိမ်းပေးပါ။
  5. သတိပြုရန်: PDRN Shot 7500 သည် အာနိသင်ပြင်းတဲ့အတွက် ပထမဆုံးအသုံးပြုသူများအနေဖြင့် တစ်ပတ်ကို ၂-၃ ကြိမ် စမ်းသပ်အသုံးပြုရန် အကြံပြုလိုပါတယ်။
★

No reviews available at the moment.

Add your review

Your email address will not be published. Required fields are marked *

Please login to write review!

Upload photos

Looks like there are no reviews yet.

ဆက်စပ်ထုတ်ကုန်များ

Medicube PDRN Pink Collagen Exosome Shot 7500 - 30ml
Ks79,500
Medicube PDRN Pink Collagen Exosome Shot 7500 - 30ml
Live Chat
Viber Viber Telegram
AI Chat
Live Chat