အဓိက အကျိုးကျေးဇူးများနှင့် ပါဝင်ပစ္စည်းများ
- Sea Grape Extract (ပင်လယ်စပျစ်အဆီအနှစ်) - ပင်လယ်စပျစ်ဟာ ဗီတာမင် A နဲ့ C, antioxidants နဲ့ amino acids တွေ အများကြီးပါဝင်တဲ့ ရေညှိအမျိုးအစားဖြစ်ပါတယ်။ ဒီဓာတ်တွေက အသားအရေကို နက်ရှိုင်းစွာ အာဟာရဖြည့်ပေးပြီး နူးညံ့တောက်ပလာစေဖို့၊ collagen ထုတ်လုပ်မှုကို အားပေးဖို့နဲ့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးဖို့အတွက် အဓိကကူညီပေးပါတယ်။ ဒါ့အပြင် အသားအရေ ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။
- Hyaluronic Acid (၅ မျိုး) - မတူညီတဲ့ မော်လီကျူးအလေးချိန်ရှိတဲ့ Hyaluronic Acid ၅ မျိုးပါဝင်တာကြောင့် အသားအရေရဲ့ အတွင်းပိုင်းအလွှာအထိ နက်နက်ရှိုင်းရှိုင်း ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။
- Peptide (၃ မျိုး) - အသားအရေရဲ့ elastic (တင်းရင်းမှု) ကို ပြန်လည်ကောင်းမွန်စေပြီး အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တဲ့ peptides ၃ မျိုးပါဝင်ပါတယ်။
- အသားအရေကို အဆိပ်အတောက်ဖယ်ရှားခြင်း - ဒီ mask မှာပါဝင်တဲ့ အပင်ထွက်ပစ္စည်းတွေက အသားအရေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျန်းမာတဲ့အသားအရေကို ရရှိစေဖို့ ကူညီပေးပါတယ်။
အသုံးပြုပုံ
- မျက်နှာသစ်ပြီး Toner လိမ်းပါ။
- Mask ကို မျက်နှာပေါ်မှာ ညီညာအောင် ကပ်ပေးပြီး ၁၀ မိနစ်မှ မိနစ် ၂၀ ထားပါ။
- သတ်မှတ်ချိန်ပြည့်ရင် mask ကို ခွာပြီး ကျန်နေတဲ့ Essence ကို အသားထဲစိမ့်ဝင်အောင် ညင်သာစွာပုတ်ပေးပါ
- တစ်ပတ်ကို ၂-၃ ကြိမ် ပုံမှန်အသုံးပြုနိုင်ပါတယ်။
JMSOLUTION The Natural Sea Grape Mask ဟာ အသားအရေကို ဖြူစင်တောက်ပချင်တဲ့သူတွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေမညီတာကို သက်သာချင်တဲ့သူတွေအတွက် သင့်တော်တဲ့ Mask တစ်ခုဖြစ်ပါတယ်။