အသုံးပြုနည်း
Retinol ပါဝင်တဲ့ Product ဖြစ်တဲ့အတွက် အသားအရေနဲ့ လိုက်ဖက်မှုရှိမရှိ အရင်စမ်းသပ်ပြီးမှ ပုံမှန်အသုံးပြုဖို့ အကြံပြုလိုပါတယ်။
- မျက်နှာသန့်စင်ခြင်း: သင့်မျက်နှာကို သန့်စင်စက် ဒါမှမဟုတ် မျက်နှာသစ်ဆေးနဲ့ သန့်စင်ပြီး Toner (မျက်နှာသုတ်ဆေးရည်) နဲ့ သုတ်လိမ်းပါ။
- Mask ကပ်ခြင်း: Mask အထုပ်ကို ဖွင့်ပြီး Mask Sheet (အဝတ်ကပ်ခွာ) ကို ထုတ်ပါ။ ထို့နောက် သင့်မျက်နှာပေါ်တွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် နေရာလေးတွေ အလိုက်သင့်ဖြစ်အောင် ညီညီညာညာ ကပ်ပေးပါ။
- စောင့်ဆိုင်းခြင်း: Mask ကပ်ထားတဲ့အတိုင်း ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ ထားပေးပါ။
- Mask ဖယ်ရှားခြင်း: သတ်မှတ်ထားတဲ့အချိန် ပြည့်သွားရင် Mask Sheet ကို မျက်နှာပေါ်ကနေ ညင်သာစွာ ခွာလိုက်ပါ။
- Essence စုပ်ယူခြင်း: မျက်နှာပေါ်မှာ ကျန်ရှိနေတဲ့ Essence (အနှစ်ရည်) များကို လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ပုတ်ပြီး သင့်အသားအရေထဲကို စိမ့်ဝင်အောင် လုပ်ပေးပါ။ Mask ကပ်ပြီးရင် ရေနဲ့ ပြန်ဆေးချဖို့ မလိုအပ်ပါဘူး။
- ပုံမှန်အသုံးပြုခြင်း: အသားအရေအတွက် အကောင်းဆုံးရလဒ်တွေ ရရှိဖို့အတွက် တစ်ပတ်ကို ၁-၂ ကြိမ်ခန့် ပုံမှန်အသုံးပြုဖို့ အကြံပြုထားပါတယ်။ (Retinol ပါဝင်သောကြောင့် အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။)