Cart (0)
No products in the cart.
Encapsulated Retinol၊ Essential Ceramides ၃ မျိုး၊ Hyaluronic Acid နှင့် Niacinamide တို့ ပေါင်းစပ်ပါဝင်သဖြင့် အရေပြားကို နီမြန်းစပ်ဖျင်းမှု မရှိစေဘဲ အရေးအကြောင်းများကို သက်သာစေကာ Skin Barrier ကို ပြန်လည် ခိုင်မာလာစေမည့် Anti-Aging Serum
Made in Frace (L'Oréal Official) EXP : 05.2028
☎️ Viber/ Telegram
CeraVe Skin Renewing Retinol Serum သည် သေးငယ်သော အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းနှင့် အသားအရေ တက်ဘလက် မညီညာသူများအတွက် အထူးဖော်စပ်ထားသည့် Gentle Anti-Aging Retinol Serum ဖြစ်ပါသည်။ အရေပြား အတွင်းပိုင်းအထိ ဖြည်းဖြည်းချင်း စိမ့်ဝင် စုပ်ယူစေသည့် Encapsulated Retinol နည်းပညာကို အသုံးပြုထားသောကြောင့် Retinol ၏ နီမြန်း စပ်ဖျင်းစေသော Side Effects များကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးထားပါသည်။ အရေပြား အတားအဆီးကို ကာကွယ်ပေးသည့် Essential Ceramides (1, 3, 6-II) ၃ မျိုး၊ ရေဓာတ်ဖြည့်ပေးသည့် Hyaluronic Acid နှင့် အရေပြားကို ငြိမ်သက်စေသည့် Niacinamide တို့ ပေါင်းစပ် ပါဝင်ပါသည်။
Encapsulated Retinol Technology (စပ်ဖျင်းမှု မရှိဘဲ အရေးအကြောင်း သက်သာစေခြင်း):
Retinol ကို အရေပြားထဲသို့ ဖြည်းဖြည်းချင်း လွှတ်ထုတ်ပေးသည့် Encapsulated စနစ် ဖြစ်သောကြောင့် စပ်ဖျင်း နီမြန်းမှု မရှိဘဲ အရေးအကြောင်းများနှင့် ပါးရေတွန့်မှုများကို ချောမွေ့ စိမ့်ဝင် သက်သာစေပါသည်။
3 Essential Ceramides Care (Skin Barrier အားဖြည့်ပေးခြင်း):
CeraVe ၏ သီးသန့် Ceramides 1, 3, 6-II တို့ ပါဝင်သောကြောင့် Retinol သုံးစွဲစဉ် အရေပြား အတားအဆီး ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာစေပါသည်။
Hydrating & Soothing Care (ရေဓာတ် ဖြည့်တင်း ငြိမ်သက်စေခြင်း):
Hyaluronic Acid က အစိုဓာတ် ထိန်းပေးပြီး Niacinamide (Vitamin B3) က အရေပြား နီမြန်းမှုများကို ငြိမ်သက်စေကာ အမည်းစက်များကို ဖျောက်ဖျက်ပေးပါသည်။
MVE Technology (၂၄ နာရီပတ်လုံး အစိုဓာတ် ထိန်းပေးခြင်း):
MultiVesicular Emulsion (MVE) နည်းပညာ ပါဝင်သောကြောင့် တစ်နေ့တာလုံး အစိုဓာတ်နှင့် အာဟာရဓာတ်များကို အချိန်ကိုက် ထုတ်လွှတ်ပေးပါသည်။
Non-Comedogenic & Fragrance-Free (နူးညံ့ ဘေးကင်းမှု):
Fragrance-Free ဖြစ်ပြီး ချွေးပေါက် ပိတ်ဆို့ခြင်း မရှိသဖြင့် Sensitive Skin နှင့် အသားအရေ အမျိုးအစားတိုင်း စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
ညဘက်တွင်သာ အသုံးပြုပါ (တစ်နေ့ ၁ ကြိမ် သို့မဟုတ် ၁ ပတ်လျှင် ၂/၃ ကြိမ်ဖြင့် စတင်ပါ):
မျက်နှာသစ်၍ Toner သို့မဟုတ် Hydrating Serum လိမ်းပြီး အသား ခြောက်သွေ့အောင် ထားပါ။
CeraVe Retinol Serum ၁ ပန့် (Pump) သို့မဟုတ် ပဲစေ့ခန့်ကို ယူ၍ မျက်နှာနှင့် လည်ပင်းအနှံ့ ညီညာစွာ လိမ်းပေးပါ (မျက်လုံးနှင့် နှုတ်ခမ်းတစ်ဝိုက် ရှောင်ပါ)။
အသားထဲ စိမ့်ဝင်သွားပါက မိမိ၏ Hydrating Moisturizer / Cream ကို မဖြစ်မနေ ထပ်မံ လိမ်းပေးပါ။
သတိပြုရန်: မနက်ပိုင်းတွင် Sunscreen နေကာခရင်မ် ပုံမှန် လိမ်းပေးရန် မဖြစ်မနေ လိုအပ်ပါသည်။ Retinol သုံးခါစတွင် ၁ ပတ်လျှင် ၂ ကြိမ်ခန့်သာ စတင်သုံးစွဲပြီး အရေပြား ကျင့်သားရမှ တိုးသုံးပါ။
| အချက်အလက် | ဖော်ပြချက် |
|---|---|
| အမည် | CeraVe Skin Renewing Retinol Serum |
| ပမာဏ | 30 ml (Pump Bottle) |
| အမျိုးအစား | Anti-Aging & Barrier Repair Retinol Serum |
| သင့်လျော်သောအသားအရေ | Mature Skin, Sensitive Skin, Dry Skin, Combination Skin, Oily Skin (အသားအရေတိုင်း) |
| အဓိကပါဝင်ပစ္စည်း | Encapsulated Retinol, Ceramides (1, 3, 6-II), Hyaluronic Acid, Niacinamide |
| မူရင်းဒေသ | USA / CeraVe LLC |
Q: CeraVe Resurfacing Retinol Serum (အပြာရောင်) နဲ့ ဒီ Skin Renewing Retinol Serum (ခရမ်းရောင်) ဘာကွာပါသလဲ?
A: Resurfacing Retinol Serum (အပြာရောင်) က ဝက်ခြံကျန် အမည်းစက်နှင့် အမာရွတ်များကို အဓိက ဦးတည်တာဖြစ်ပြီး၊ ဒီ Skin Renewing Retinol Serum (ခရမ်းရောင်) ကတော့ အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းနှင့် Anti-Aging အသားအရေ တင်းရင်းမှုကို အဓိက ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်ခင်ဗျာ။
Q: Retinol သုံးဖူးခြင်း မရှိသေးတဲ့ Beginners တွေ သုံးလို့ ရပါသလား?
A: အထူးပဲ သင့်တော်ပါတယ်ခင်ဗျာ။ Encapsulated Retinol နဲ့ Ceramides တွဲဖက် ပါဝင်တာ ကြောင့် အခြား Retinol တွေလို စပ်ဖျင်း နီမြန်းမှု မရှိဘဲ Beginners များ စတင် သုံးစွဲရန် အလွန် နူးညံ့ ဘေးကင်းပါတယ်ခင်ဗျာ။
Tip: Retinol သုံးစွဲချိန်တွင် အရေပြား ရေဓာတ် မခမ်းခြောက်စေရန် မနက်ပိုင်းတွင် The Ordinary Hyaluronic Acid သို့မဟုတ် COSRX Snail Essence လေးနဲ့ တွဲဖက် အစိုဓာတ် ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
Your email address will not be published. Required fields are marked *
Please login to write review!
Looks like there are no reviews yet.