✨ PROMOTION ၇၀,၀၀၀ Ks ပြည့်ပါက: ၃,၀၀၀ Ks OFF (သို့) Free Deli • YGN / MDY: Free Delivery & ၅,၀၀၀ Ks OFF • VIP အသင်းဝင်: ၃ သိန်းပြည့်ပါက 8% OFF!
0 Your Cart Ks0

Cart (0)

No products in the cart.

COSRX All About Snail Mucin Korean Skin Care Set

Ks63,000   Ks63,000
APP PRICE Ks59,850

Download SkincareMM App for Android and ios

COSRX All About Snail Mucin Korean Skin Care Set ဟာ ကိုရီးယားနာမည်ကြီး Skincare Brand တစ်ခုဖြစ်တဲ့ COSRX ကနေထုတ်လုပ်ထားတဲ့ Snail Mucin ပါဝင်တဲ့ product လေးမျိုးပါဝင်တဲ့ mini set တစ်ခုဖြစ်ပါတယ်။ ဒီ set ကို အသားအရေကို ပြုပြင်ပေးဖို့၊ အစိုဓာတ်ဖြည့်ပေးဖို့နဲ့ နုပျိုတင်းရင်းစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။  

 

 

📱 APP PRICE: Ks59,850 - Android (သို့) iOS မှဝယ်ရန်
👑 VIP PRICE: Ks57,960 - Gold နှင့် Diamond သီးသန့်
Loyalty Point
+630 Point
Out of stock
SKU: FM-2443-4UKO
Fast Shipping
Fast Shipping
MDY 24 hours YGN 2Day
VIP Member
VIP Member
300K VIP Lifetime 8-10%
100% Authentic
100% Authentic
Guaranteed 100% Authentic
Hotline Order:

☎️ Viber/ Telegram

0966 8545 244

Set ထဲတွင်ပါဝင်သော Products များ

၁။ Advanced Snail Mucin Gel Cleanser (20 ml) Snail mucin ပါဝင်တဲ့ gel cleanser ဖြစ်လို့ မျက်နှာကို နူးညံ့စွာ သန့်စင်ပေးနိုင်ပြီး သစ်ပြီးနောက် မျက်နှာအသားအရေကို ခြောက်သွေ့တာ၊ တင်းတာမျိုးမဖြစ်စေပါဘူး။  

၂။ Advanced Snail 96 Mucin Power Essence (30 ml) ဒီ set ရဲ့ အဓိက main product လို့ပြောလို့ရပြီး Snail Mucin 96% ပါဝင်ပါတယ်။ အသားအရေကို အစိုဓာတ်အပြည့်အဝပေးပြီး အသားအရေမညီညာတာတွေကို ညီညာစေကာ၊ ဝက်ခြံအမာရွတ်တွေနဲ့ အမဲစက်တွေကို သက်သာစေပါတယ်။

၃။ Advanced Snail Peptide Eye Cream (5 ml) Snail mucin နဲ့ Peptide ပါဝင်တဲ့ မျက်လုံးအောက်လိမ်း Eye Cream ဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေနဲ့ ညိုမဲတာတွေကို သက်သာစေပြီး မျက်လုံးတစ်ဝိုက်ကို တင်းရင်းစိုပြေစေဖို့ ကူညီပေးပါတယ်။

၄။ Advanced Snail 92 All in One Cream (20 g) Snail Mucin 92% ပါဝင်တဲ့ moisturizer cream ဖြစ်ပြီး အသားအရေကို အစိုဓာတ်ဖြည့်ပေးကာ ရောင်ရမ်းတာနဲ့ ထိခိုက်ပျက်စီးတာတွေကို ပြုပြင်ပေးနိုင်ပါတယ်။ မျက်နှာအသားအရေကို ချောမွေ့နူးညံ့စေပါတယ်။

အဓိက အကျိုးကျေးဇူးများ

  • အသားအရေ ပြုပြင်ပေးခြင်း: Snail mucin ရဲ့ အဓိက အကျိုးကျေးဇူးကတော့ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်၊ အသားအရေ ထိခိုက်ပျက်စီးတာတွေကို သက်သာစေပါတယ်။
  • အစိုဓာတ်ပြည့်ဝစွာ ဖြည့်တင်းပေးခြင်း: Snail mucin မှာ Hyaluronic Acid လိုပဲ အစိုဓာတ်ကို ထိန်းသိမ်းနိုင်တဲ့ အစွမ်းရှိတာကြောင့် အသားအရေကို စိုပြေပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။
  • အရွယ်တင်နုပျိုစေခြင်း: Collagen ထုတ်လုပ်မှုကို အားပေးတာကြောင့် အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပါတယ်။  
  • ဝက်ခြံနှင့် ထိခိုက်လွယ်သောအသားအရေအတွက် သင့်တော်ခြင်း: အသားအရေကို အေးမြသက်သာစေပြီး ရောင်ရမ်းတာကို လျှော့ချပေးတာကြောင့် ဝက်ခြံနဲ့ sensitive ဖြစ်လွယ်တဲ့ အသားအရေတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။  

အသုံးပြုပုံ အဆင့်ဆင့်

  1. Cleanser: မျက်နှာကို Advanced Snail Mucin Gel Cleanser နဲ့ သေချာသန့်စင်ပါ။  
  2. Essence: Cleanser ခြောက်သွားရင် Advanced Snail 96 Mucin Power Essence ကို မျက်နှာအနှံ့ ညင်သာစွာပုတ်ပြီး လိမ်းပေးပါ။  
  3. Eye Cream: မျက်လုံးတစ်ဝိုက်မှာ Advanced Snail Peptide Eye Cream ကို အနည်းငယ်ယူပြီး ညင်သာစွာ ပုတ်လိမ်းပေးပါ။  
  4. Moisturizer: နောက်ဆုံးအဆင့်အနေနဲ့ Advanced Snail 92 All in One Cream ကို မျက်နှာအနှံ့ လိမ်းပေးပြီး အစိုဓာတ်ကို လော့ခ်ချပေးပါ။  

ဒီ mini set ဟာ snail mucin product တွေကို စမ်းသပ်သုံးစွဲချင်သူတွေ၊ ခရီးသွားတဲ့အခါ အလွယ်တကူယူသွားချင်သူတွေနဲ့ အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်၊ ပြုပြင်မှုတွေကို တစ်ပြိုင်နက်ရရှိချင်သူတွေအတွက် အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

★

No reviews available at the moment.

Add your review

Your email address will not be published. Required fields are marked *

Please login to write review!

Upload photos

Looks like there are no reviews yet.

COSRX All About Snail Mucin Korean Skin Care Set
Ks63,000
COSRX All About Snail Mucin Korean Skin Care Set
Live Chat
Viber Viber Telegram
AI Chat
Live Chat