✨ PROMOTION ၇၀,၀၀၀ Ks ပြည့်ပါက: ၃,၀၀၀ Ks OFF (သို့) Free Deli • YGN / MDY: Free Delivery & ၅,၀၀၀ Ks OFF • VIP အသင်းဝင်: ၃ သိန်းပြည့်ပါက 8% OFF!
0 Your Cart Ks0

Cart (0)

No products in the cart.

လက်လီသမားတွေကို အသက်ရှူကျပ်စေတဲ့ လက်ကားဈေးကွက်က ဖောက်သည်လုခြင်း ပြဿနာ

အခုတလော စီးပွားရေးလုပ်ရတာ တော်တော်လေး စိန်ခေါ်မှုတွေ များလာပါတယ်။ အလှကုန်တွေသာမက တခြား လူသုံးကုန်ပစ္စည်း မျိုးစုံကိုပါ တစ်နေရာတည်းမှာ အလွယ်တကူ ရွေးချယ်နိုင်အောင် စုစည်းရောင်းချပေးနေတဲ့ ကျွန်တော်တို့လို လက်လီဆိုင်တွေအတွက် အခုလက်ရှိ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲလေးတစ်ခုကို ဒီနေ့ ရင်ဖွင့်ချင်ပါတယ်။

ပြဿနာရဲ့ အဓိက ဇာစ်မြစ်ကတော့ တခြားမဟုတ်ပါဘူး၊ "ကိုယ့်ကို ပစ္စည်းသွင်းပေးနေတဲ့ လက်ကားဒိုင်တွေ ကိုယ်တိုင်က လက်လီဈေးကွက်ကို ဝင်ဖျက်နေတာ" ပါပဲ။

လက်တွေ့ ဥပမာတစ်ခုနဲ့ ပြောရရင်... ဈေးကွက်ပေါက်ဈေး (Market Price) ၂၈,၀၀၀ ကျပ် ရှိတဲ့ ပစ္စည်းတစ်ခုကို ကျွန်တော်တို့က လက်ကားဒိုင်ဆီကနေ သွားယူပါတယ်။ ဒါပေမဲ့ အဲ့ဒီဒိုင်တွေ (ဒါမှမဟုတ် သူတို့ဆီကနေ ပစ္စည်းကို အလုံးအရင်းနဲ့ ဈေးနှိမ်ဆွဲနိုင်တဲ့သူတွေ) က အပြင်မှာ ၂၃,၀၀၀ - ၂၄,၀၀၀ ကျပ် လောက်နဲ့ ဈေးချပြီး ပြန်ရောင်းနေကြပါတယ်။

ကျွန်တော်တို့လို လက်လီဆိုင်တွေအနေနဲ့ Customer တွေအတွက် သေသပ်တဲ့ Packaging လုပ်ပေးရတာ၊ Marketing ဆင်းရတာနဲ့ တခြား ဝန်ဆောင်မှုစရိတ်တွေ ကာမိအောင် ၂၆,၀၀၀ ကျပ်လောက်နဲ့ ရောင်းမယ်ဆိုရင်တောင် ဝယ်သူတွေက ဈေးပိုသက်သာတဲ့ သူတို့ဆီမှာပဲ သွားဝယ်ကြပါတော့တယ်။

တကယ်တော့ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ ပစ္စည်းတစ်ခုရောင်းရတိုင်း အနည်းဆုံး အမြတ်ငွေ (Profit Margin) ၂၅% ကနေ ၃၀% လောက်ရှိမှသာ Operation စရိတ်တွေ၊ Website & Server စရိတ်တွေ၊ ဝန်ထမ်းစရိတ်တွေနဲ့ အဆင်ပြေပြေ လည်ပတ်နိုင်မှာပါ။ အခုလို ကိုယ့်ဆီကို ပစ္စည်းသွင်းပေးနေတဲ့ လက်ကားသမားတွေကပဲ ကိုယ့်ဝယ်သူတွေကို ဈေးချပြီး ပြန်လုနေတဲ့ (Undercutting) ပုံစံမျိုး ဖြစ်နေတော့ လက်လီသမားတွေအတွက် ရှေ့ဆက်ဖို့ အရမ်းကို ခက်ခဲလာပါတယ်။

လက်လီဆိုင်တွေဆိုတာ ပစ္စည်းတစ်ခုကို Customer လက်ထဲ အကောင်းဆုံးရောက်အောင် ကြားခံပြီး ဝန်ဆောင်မှုပေးရတဲ့ သူတွေပါ။ ကိုယ်တိုင်လည်း Margin မကျန်တဲ့အပြင်၊ ဈေးကွက်စည်းမျဉ်းပါ အဖျက်ခံနေရရင် ဘယ်သူမှ ရေရှည်တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

စီးပွားရေးဂေဟစနစ် (Ecosystem) တစ်ခု ကျန်းမာဖို့ဆိုရင် လက်ကားသမားက လက်ကားအလုပ်ကိုလုပ်၊ လက်လီသမားက လက်လီအလုပ်ကိုလုပ်ပြီး သတ်မှတ်ထားတဲ့ ဈေးကွက်စည်းမျဉ်းကို လေးစားဖို့ လိုအပ်ပါတယ်။ Customer တွေကိုလည်း ပစ္စည်းတစ်ခုကို ဈေးအသက်သာဆုံး ရှာဝယ်တာထက် ယုံကြည်စိတ်ချရမှုနဲ့ တာဝန်ယူမှုအပြည့်ရှိတဲ့ လက်လီဆိုင်လေးတွေကို ပိုပြီး နားလည်အားပေးစေချင်ပါတယ်ဗျာ။

 

PYY

CEO : Sai Myint ( PZaai Myint) 

 

Shop Skincare | Chemist Warehouse UAE
Live Chat
Viber Viber Telegram
AI Chat
Live Chat