Face Oil: How to Use It Correctlly in Your Routine
Face Oil ကို Moisturizer မတိုင်ခင် သုံးရမလား၊ နောက်မှ သုံးရမလားဆိုတာ လူတိုင်း ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။
- The Golden Rule: Face Oil ကို Skincare routine ရဲ့ နောက်ဆုံး အဆင့်မှာပဲ သုံးသင့်ပါတယ်။ သူက အောက်ကလိမ်းထားတဲ့ ရေဓာတ်တွေကို အပြင်မထွက်သွားအောင် ပိတ်ပေးတဲ့ (Occlusive) အနေနဲ့ အလုပ်လုပ်လို့ပါ။
- Mixing: ဒါမှမဟုတ် သင့်ရဲ့ Moisturizer ထဲကို Face Oil ၁ စက် ၂ စက်လောက် ရောပြီး လိမ်းပေးရင်လည်း ပိုပြီး စိုပြည်စေပါတယ်။
သတိပြုရန်: အဆီအရမ်းပြန်တဲ့သူတွေအနေနဲ့ Non-comedogenic ဖြစ်တဲ့ oil (ဥပမာ- Jojoba oil) မျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။